-->

Delete လုပ်ထားသော ဖိုင်များကိုပြန်ရှာနည်း

အခုတလော ကျွန်တော်လည်း ဒီ Blog ကိုမရေးဖြစ်တာကြာပြီ။ အလုပ်ရှုပ်နေတာကတစ်ကြောင်း၊ အင်တာနက်လှိုင်းမကောင်းတာက တစ်ကြောင်းနဲ့မရေးဖြစ်ခဲ့တာပါ။ အားလုံးကိုတောင်းပန်ပါတယ်။ ဒီနေ့ကတော့ အင်တာနက်လည်းနည်းနည်းကောင်းတယ် အချိန်လည်းနည်းနည်းရှိတယ်ဆိုရမှာပေါ့။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့မထင်မှတ်ပဲ အရေးကြီးတဲ့ဖိုင်တွေကို Delete လုပ်မိတတ်ပါတယ်။ ရိုးရိုး Delete လုပ်ရင်တော့ ကျွန်တော်တို့အမှိုက်ပုံး Recycle bin ထဲမှာသွားရှာရင်ရပါလိမ်.မယ်။ သို့ပေမယ့် Sift + Delete နှိပ်မိရင်တော့ ရှာလို့ရတော့မှာမဟုတ်ပါဘူး။ အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲ ? စိတ်မပူပါနဲ့ Rcsetup ဆိုတဲ့ Softwear က ကူညီပါလိမ်.မယ်။ Softwear ကိုဒါင်းလုပ် လုပ်ဖို့အတွက် Download ဆိုတာကိုနှိပ်ပါ။

ဒေါင်းလုပ်လုပ်ပြီးရင်တော့ကွန်ပျူတာထဲကို Install မောင်းလိုက်ပါ။ Install မောင်းပြီးပြီဆိုရင် စက်ထဲမှာ Recuva ဆိုတာတွေ့ပါလိမ်.မယ်။ အဲ့ဒါကို click နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ရှာမဲ့ အချက်အလက်တွေကိုမေးလာပါလိမ်.မယ်။ ဥပမာ - ဓါတ်ပုံရှာမှာလား သို့ Documents ရှာမှာလား စသည်ကိုတွေ့ရပါလိမ်.မယ်။ ကိုယ်ရှာမဲ့ အချက်အလက်ကိုရွေးပြီးရင် Next ဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် Box တစ်ခုထပ်ထွက်လာပါလိမ်.မယ်။ အဲ့ဒါကတော့ ကိုယ်ရှာမဲ့ဖိုင်က ဘယ်နေရာကနေ ပျောက်သွားတာလဲဆိုတာပါ။ ဥပမာ C: သို့ D: စသည်ကိုရွေးလိုက်ပါ။ C: သို့ D: ကိုရွေးဖို့ကတော့ အောက်မှာရှိတဲ့ Borrow ဆိုတဲ့ဟာကိုနှိပ်ပြီးရွေးလိုက်ပါ။ ပြီးရင် OK ပြီးရင် Start ဆက်နှိပ်ပါ။

အဲ့ဒါဆိုရင် ကိုယ်ဖျတ်ထားတဲ့ဖိုင်တွေကိုသွားရှာပေးပါလိမ်.မယ်။ ကိုယ်လိုချင်တဲ့ဖိုင်ကိုရှာတွေ့ပြီဆိုရင် အဲ့ဒီဖိုင်ကို tick အမှန်ခြစ်ပေးပါ။ ပြီးတော့ Recover ကိုဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ပြန်ရှာထားတဲ့ဖိုင်ကို ဘယ်နေရာမှာထားမှာလဲဆိုတာ သူမေးလာပါလိမ်.မယ်။ Desktop ကိုရွေးပါ။ ပြီးရင် OK ကိုဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ပြန်ရှာထားတဲ့ဖိုင် Desktop ပေါ်ပြန်ရောက်နေတာကိုတွေ့ရပါလိမ်.မယ်။


အားလုံးကံကောင်းပါစေ

ဆက်ဖက်ရန်...

connection ကိုမြန်အောင်လုပ်နည်း

သူငယ်ချင်းတွေက သူတို့ connection တအားနှေးတယ်လို့ခဏခဏပြောကျတယ်။ အဲ့ဒါကြောင့်ကျွန်တော်လည်း connection မြန်အောင်လုပ်နည်းကိုတင်ပေးလိုက်တာပါ။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ ပထမဆုံးလုပ်ရမယ့်အချက်ကတော့ Control Panel ထဲကိုသွားပါ။ ပြီးတော့ Network Connection သို့ Network Sharing Center ကို double click နှိပ်ပါ။ ပြီးတော့ အဲ့ဒီမှာ View Status ဆိုတဲ့စာသားကိုနှိပ်ပါ။ ပြီးတော့ Details ဆိုတဲ့စာကိုနှိပ်ပါ။ အဲ့ဒါဆိုရင်ကိုယ့်ရဲ့ Network connection details တွေကိုပြလာပါလိမ့်မယ်။ အဲ့ဒီမှာ Default Gateway ရဲ့နံပါတ်ကိုရှာပါ။ ကျွန်တော့်ရဲ့ Default Gateway နံပါတ်ကတော့ 192.168.0.1 ပါ။ အဲ့ဒီရလာတဲ့နံပါတ်ကိုမှတ်ထားပါ။ ပြီးတော့ Notepad ကိုဖွင့်ပါ။ ပြီးတော့ ဒီစာနှစ်ကြောင်းကို Notepad ထဲရေးထည့်ပါ။

ping 192.168.0.1 192.168.0.1 ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Default Gateway နံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။
connection

ပြီးတော့ Notepad ကို Desktop ပေါ်မှာ Save လုပ်ပါ။ Save လုပ်တဲ့နေရာမှာ myconnection.bat လို့အမည်ပေးပါ။ Save as type မှာ All file လို့ရွေးပေးပါ။ အဲ့ဒါဆိုရင် Desktop မှာ myconnection ဆိုတဲ့ ပုံကိုတွေ့ပါလိမ့်မယ်။ ပြီးတော့ အဲ့ဒီဟာကို double click နှစ်ချက်လုပ်ပါ။ အဲ့ဒါဆိုရင် connection command တစ်ခုတက်လာပါလိမ်.မယ်။ ပြီးတော့ website တွေကိုဖွင့်ကြည့်ပါ။ ကိုယ့်ရဲ့ကွန်ပျူတာ ကော်နက်ရှင်တက်လာတာကိုတွေ့ရပါလိမ့်မယ်။

အားလုံးကံကောင်းပါစေ။

ဆက်ဖက်ရန်...

လာပြီ လာပြီ CMD
ဒီနေ့ နည်းနည်းအားတာနဲ့ cmd အကြောင်းဆက်တင်ထားလိုက်ပါတယ်။ အကြောင်းကတော့ CMD ကိုသုံးပြီး File ကိုဘယ်လိုဖွဲ့ထားမလဲပေါ့။ အဲ့ဒါကတော့လွယ်လွယ်လေးပါ။ ပထမဆုံး Start Menu ထဲက Run ကိုသွားလိုက်ပါ။ ပြီးတော့ CMD ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ အဲ့ဒါဆိုရင် Command တစ်ခုကျလာပါလိမ့်မယ်။ ကိုယ်သိမ်းထားမဲ့ဖိုက်ကိုတော့ ကိုယ့်ရဲ့ D: drive သို့ E: drive စသည်မှာသိမ်းထားပါ။

အဲ့ဒီကျလာတဲ့ command ထဲကို cd \ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ တကယ်လို့ကိုယ့်ဖွဲ့ထားချင်တဲ့ File ကို D: မှာထားထားရင် D: လို့ရိုက်ထည့်ပြိး Enter ထပ်ခေါက်ပါ။ ပြီးတော့ ဒီစာသားကိုရိုက်ထည့်ပါ။ attrib +r +s +a +h "File" File ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Folder နာမည်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ ပြီးတော့ Enter ခေါက်လိုက်ပါ။ အဲ့ဒါဆိုရင် D: ထဲမှာရှိတဲ့ File ဆိုတဲ့ Folder ပျောက်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။


ကိုယ်ဖွဲ့ထားတဲ့ဖိုင်ကို ပြန်ပေါ်စေချင်ရင်တော့ ခုဏက attrib +r +s +a +h "file" နေရာမှာ ဒီလိုအစားသွားလိုက်ပါ။ attrib -r -s -a -h "file" အဲ့ဒါဆိုရင် ကိုယ်ဖွဲ့ထားတဲ့ဖိုင်ပြန်ပေါ်လာပါလိမ့်မယ်။

ဆက်ဖက်ရန်...

ဝက်ဆိုက်ကို CMD ဖြင့်ကျော်ကြည့်နည်း

သူငယ်ချင်းတစ်ယောက်က ၀က်ဆိုက်ကို CMD ကနေဘယ်လိုကျော်ကြည့်မလဲလို့မေးလာတဲ့အတွက် ဒီ CMD အသုံးပြုပုံကိုတင်ပေးလိုက်ပါတယ်။ အခုလိုမေးခွန်းကိုကြားရတာဝမ်းလည်းဝမ်သာပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တတ်တဲ့ပညာကို သူများနဲ့မျှဝေပေးတာဟာ ဓါးဟောင်းတစ်လက်ကိုထပ်ခါထပ်ခါ သွေးပေးသလိုပဲ မဟုတ်ပါလားခင်ဗျာ။

ပထမဆုံး Start Menu ထဲက Run ကိုသွားပါ။ ပြီးရင် cmd ရိုက်ထည့်ပြီးတော့ Ok သို့မဟုတ် Enter ခေါက်ပါ။ Menu တစ်ခုထွက်ကျလာပါလိမ့်မယ်။

အဲ့ဒီထွက်ကျလာတဲ့ Menu ထဲကိုဒီစာသား tracert နဲ့ ကိုယ်ကျော်မယ့်ဝက်ဆိုက် adress ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ ဥပမာ tracert www.yahoo.com
အဲ့ဒါဆိုရင် ကိုယ်ဖွင့်ချင်တဲ့ဝက်ဆိုက်ရဲ့ IP Address နံပါတ်ရလာပါလိမ့်မယ်။ ရလာတဲ့နံပါတ်ကို Mozilla Firefox ကိုဖွင့်ပြီး အဲ့ဒီနံပါတ်ကိုရိုက်ထည့်ပါ။ ပြီးတော့ Enter ခေါက်ပါ။ အဲ့ဒါဆိုရင် ခတ်ထားတဲ့ ၀က်ဆိုက်ပွင့်သွားပါလိမ့်မယ်။


ကံကောင်းပါစေ

ဆက်ဖက်ရန်...