-->
Showing posts with label CMD ဖြင့် ဖိုင်ကိုဖွဲ့ထားပုံ. Show all posts
Showing posts with label CMD ဖြင့် ဖိုင်ကိုဖွဲ့ထားပုံ. Show all posts

လာပြီ လာပြီ CMD
ဒီနေ့ နည်းနည်းအားတာနဲ့ cmd အကြောင်းဆက်တင်ထားလိုက်ပါတယ်။ အကြောင်းကတော့ CMD ကိုသုံးပြီး File ကိုဘယ်လိုဖွဲ့ထားမလဲပေါ့။ အဲ့ဒါကတော့လွယ်လွယ်လေးပါ။ ပထမဆုံး Start Menu ထဲက Run ကိုသွားလိုက်ပါ။ ပြီးတော့ CMD ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ အဲ့ဒါဆိုရင် Command တစ်ခုကျလာပါလိမ့်မယ်။ ကိုယ်သိမ်းထားမဲ့ဖိုက်ကိုတော့ ကိုယ့်ရဲ့ D: drive သို့ E: drive စသည်မှာသိမ်းထားပါ။

အဲ့ဒီကျလာတဲ့ command ထဲကို cd \ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ တကယ်လို့ကိုယ့်ဖွဲ့ထားချင်တဲ့ File ကို D: မှာထားထားရင် D: လို့ရိုက်ထည့်ပြိး Enter ထပ်ခေါက်ပါ။ ပြီးတော့ ဒီစာသားကိုရိုက်ထည့်ပါ။ attrib +r +s +a +h "File" File ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Folder နာမည်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ ပြီးတော့ Enter ခေါက်လိုက်ပါ။ အဲ့ဒါဆိုရင် D: ထဲမှာရှိတဲ့ File ဆိုတဲ့ Folder ပျောက်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။


ကိုယ်ဖွဲ့ထားတဲ့ဖိုင်ကို ပြန်ပေါ်စေချင်ရင်တော့ ခုဏက attrib +r +s +a +h "file" နေရာမှာ ဒီလိုအစားသွားလိုက်ပါ။ attrib -r -s -a -h "file" အဲ့ဒါဆိုရင် ကိုယ်ဖွဲ့ထားတဲ့ဖိုင်ပြန်ပေါ်လာပါလိမ့်မယ်။

ဆက်ဖက်ရန်...